Sushi လို့ ကြားလိုက်တာနဲ့ ကမ္ဘာတစ်ဝန်းမှာ လူကြိုက်များတဲ့ အစားအစာတစ်ခုဆိုတာ သိကြမှာပါ။
Sushi၊ Sashimi စတဲ့ ဂျပန်စာစစ်စစ်တွေကို ဂျပန်အငွေ့အသက်တွေနဲ့ စားနိုင်မယ့် ဆိုင်လေးတစ်ဆိုင် ရှိပါတယ်။
ဆိုင်ထဲကိုဝင်လိုက်တာနဲ့ ဂျပန်ကို ရောက်သွားသလို ခံစားရစေမယ့် နတ်မောက်လမ်းပေါ်က Bikkuri Sushi and Sashmi ဆိုင်မှာ ဘယ်လိုအစားအသောက်တွေရလဲ၊ ဘယ်လိုအပြင်အဆင် ဝန်ဆောင်မူတွေ ရှိလဲဆိုတာကို ရိုက်ကူးတင်ဆက်ပေးထားပါတယ်။