အခုနောက်ပိုင်းကာလတွေမှာတော့ လူငယ်တွေ အကြိုက်တွေ့လာတဲ့အထဲမှာတော့ ထုံထုံစပ်အရသာဖြစ်တဲ့ တရုတ်အစားစာတွေထဲက မာလာရှမ်းကောအပါအဝင် တရုတ်စတိုင် အကင်တွေပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံကို သွားစရာမလိုဘဲ တရုတ်နိုင်ငံအတွင်းက အရသာတွေအတိုင်း ဟင်းပွဲတွေနဲ့ အကင်မျိုးစုံကို ရောင်းချပေးနေတဲ့ ဆိုင်တစ်ဆိုင်ကရှိနေပါတယ်။ အဲ့ဒီဆိုင်ကတော့ Master Coal လို နာမည်ပေးထားပြီး ရန်ကုန်မြို့ ချော်တွင်းကုန်း မီးပွိုင်အနီးမှာ တည်ရှိနေတာဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ထူးခြားချက်ကတော့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့လားစားပြီး ငွေရှင်းတဲ့အခါ American System ကို လက်ကိုင်ထားရှင်းမယ်ဆိုရင် ကျသင့်ငွေ၁၀%ကို ဆိုင်က ဝင်ရှင်းပေးမယ်ဆိုတဲ့ Master Coal ဆိုင်အကြောင်း ရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။