ပင်လယ်ကမ်းစပ်မြို့တော်ဖြစ်တဲ့ မြိတ်မြို့မှာ ဆိုရင်တော့ လက်ဆတ်လှတဲ့ ပင်လယ်စာတွေကို နေ့ညမရွေး ရရှိနိုင်ပါတယ်။ ဆိုင်တိုင်းမှာ လက်ဆတ်တဲ့ ပင်လယ်စာတွေရရိုနိုင်တာကြောင့် ဆိုင်အပြင်အဆင်၊ လက်ရာနဲ့ ဈေးနှန်းကွာခြားမှုတွေအပေါ်မှုတည်ပြီး ဆိုင်တွေမှာ ရောင်းအားတွေ ကွာခြားသွားပါတယ်။ မြိတ်မြို့ မြစ်ငယ်ရပ်ကွက်ထဲက မြိတ်ရဲ့ မီးဖိုဆောင်လို့ အဓိပ္ပာယ်ရတဲ့ Mergui De Kitchen ဆိုတဲ့ စားသောက်ဆိုင်ကတော့ ကိုလိုနီခောတ်က အဆောက်အဦးမှာ ဖွင့်ထားတာဖြစ်ပြီး ကောင်းမွန်လက်ဆက်တဲ့ ပင်လယ်စာတွေကိုရရှိနိုင်ပါတယ်။ ဒီဆိုင်လေးမှာ ဘယ်လိုအစားအသောက်တွေ ရသလဲ၊ ဘယ်လိုဝန်ဆောင်မှုတွေရှိလဲ ဆိုတွေကို တင်ဆက်ထားပါတယ်။