“ခိုတောင်” ဆိုတဲ့ ရွာနာမည်ကို အစွဲပြုရင်း လူသိများလာတဲ့ ခိုတောင်ရွာက ခိုတောင်မုန့်တီရဲ့ သက်တမ်းဟာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်ရှိနေပါပြီ။ခိုတောင်ရွာက အမျိုးသမီးတွေဟာ ရှေးယခင်တည်းက သူတို့ရဲ့ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ခိုတောင်မုန့်တီကို ရောင်းချခဲ့ကြတာပါ။မုန့်တီပြုလုပ်ပုံ ရောင်းချပုံတွေ အဆင့်ဆင့်ပြောင်းလဲ လာခဲ့ပေမယ့် ခိုတောင်ရွာက အမျိုးသမီးတွေကတော့ အခုချိန်ထိ မိဘဖိုးဖွားတွေရဲ့ အမွေကိုလက်ဆင့်ကမ်းရင်း ခိုတောင်မုန့်တီကို ဆက်လက်ရောင်းချနေကြပါတယ်။
စစ်ကိုင်း မင်းကွန်း ကားလမ်းဘေးမှာ တည်ရှိတဲ့ ခိုတောင်ရွာက ပြုလုပ်တဲ့ ခိုတောင်မုန့်တီ လုပ်ငန်းအကြောင်းကို Walk In Food အစီအစဉ်အတွက် ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

By admin