ပင်လယ်အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်သလို အာဟာရပြည့်ဝတဲ့ အစားအစာလို့ပြောရင်လည်းမှားမှာမဟုတ်ပါဘူး။ ပင်လယ်စာတွေကတော့ ဈေးနှုန်းအားဖြင့် ဈေးကြီးတဲ့အပြင် လူတိုင်းစားနိုင်ဖို့ လက်လှမ်းမမှီတာကြောင့် သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ လူတိုင်းစားသုံးနိုင်ဖို့ရည်ရွယ်ပြီး ပင်လယ်စာတွေကို ပုံစံအမျိုးမျိုးနဲ့ ချက်ပြီး ဟင်းပွဲတွေပြင်ဆင်ပေးနေတဲ့ ဆိုင်နဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီဆိုင်ကတော့ တောင်ငူမြို့ ရွှေဆံတော်ဘုရားအနောက်ဘက်မုဒ်လမ်းမှာတည်ရှိပြီး အဏ္ဏဝါဝါးကြောလို့ နာမည်ပေးထားတဲ့ ဆိုင်အကြောင်းကို ရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်
#myanmarinsights #walkinfood #Annawawakyaw