မေလ ၄၊ ၂၀၂၀
မကွေးတိုင်း၊မြို့သစ်မြို့နယ်က ကိုဗစ်ပိုးတွေ့လူနာ အမှတ်(၀၅၃)ကို နှစ်ကြိမ် ပြန်လည်ဓာတ်ခွဲစစ်ဆေးရာမှာ negativeရောဂါပိုးမတွေ့ရှိတဲ့အပြင် ကျန်းမာရေးကောင်းမွန်သဖြင့် မေလ (၃)ရကျနေ့ကမကွေးတတိုင်းပြည်သူ့ ဆေးရုံကဆင်းခွင့်ပြုခဲ့ကြောင်းသိရပါတယ်။
အဲ့ဒီလူနာကိုဆေးရုံတက်ကုသနေစဉ်အတွင်း ဧပြီ(၂၆)ရက်ကပထမအကြိမ်ပြန်လည်ဓာတ်ခွဲ စစ်ဆေးရာမှာ negative အဖြေထွက်ခဲ့ပြီး ဒုတိအကြိမ်မေ(၁)ရက်နေ့ကစစ်ဆေးရာမှာလည်း negativeအဖြေထပ်ထွက်ခဲ့တဲ့အတွက်တာဝန်ရှိသူတွေကဆေးရုံကဆင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ဆေးရုံမှာ(၁၉)ရက်ကြာဆေးကုသမှုခံယူခဲ့ပြီးကျန်းမာနေပြီဖြစ်တဲ့အတွက်ဆေးရုံကဆင်းခွင့်ပြုတာပါ မြို့သစ်မှာ fastility Quarantine ထားရှိသွားမယ်လို့ မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာမြတ်စိုးကပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ၊ မကွေး တိုင်းရဲ့ ပထမဆုံးကိုဗစ်-၁၉ ပိုးတွေ့လူနာ
(၀၅၃)ကို မြို့သစ်မြို့နယ်မှာတွေ့ရှိထားကြောင်း ဧပြီလ ၁၃ရက်နေ့က ကြေငြာခဲ့ပြီးနောက်ပိုင်း အဲဒီလူနာကိုမကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှာဆေးကုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆေးရုံစတက်ကတည်းကတာဝန်ရှိဆရာ၊ဆရာမတွေကဂရုတစိုက်နဲ့
စောင့်ရှောက်မှုပေးထားပြီး ပြီးရောဂါပိုးမရှိတဲ့အတွက်ဝမ်းသာမိကြောင်း ကိုဗစ်ပိုးတွေ့ရှိသူလူနာအမှတ်(၀၅၃) ကိုသန်းထွန်းကပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်လူနာမှာ မြို့သစ်မြို့ ၊ အထက(၁)Facality Quarantine မှ မကွေးတိုင်း ဆေးရုံ ငါးထပ်ဆောင်သို့ပြောင်းရွှေ့စောင့်ရှောက် ထားစဉ်ကတည်းက ကျန်းမာ ရေးကောင်းမွန် နေခဲ့ပြီး စောင့်ရှောက်ထားစဉ်အတွင်း သူ့ရဲ့ဆွေမျိုးသားချင်းတွေနဲ့Vedio Call များခေါ်ကာ ကျန်းမာရေးကောင်းမွန်ကြောင်း ပြောဆိုမှုများ လည်းရှိခဲ့တယ်လို့တယ်လို့သိရပါ တယ်။
သူနဲ့အတူ ထိုင်းနိုင်ငံ ၊ မြဝတီ ဝင်ပေါက်မှ ပြန်လာသူတွေကိုလည်း မြို့သစ်မြို့ ၊ အထက(၁) မှာ Facality Quarantineထားရှိကာနှာခေါင်း တို့ပတ် ၊ အာခေါင်တို့ပတ်များကို ကျန်းမာရေး ဝန်ကြီးဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်ပိုး မတွေ့
ရှိကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနကသိရပါတယ်။
ဇာဇာ