ရန်ကုန်မြို့မှာ လူငယ်တွေအကြား စားသုံးမှုများပြားလာတဲ့ ဟော့ပေါ့နဲ့ မာလာရှမ်းကောဆိုင်တွေ များစွာ ရှိနေပါတယ်။ အဲ့ဒီလိုလိုဆိုင်တွေအထဲကမှ ဈေးနှုန်းသက်သာတဲ့ ဟော့ပေါ့နဲ့ မလာရှမ်းကောရရှိတဲ့ ဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီဆိုင်ကတော့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရှုခင်သာလမ်း ပင်လုံဆေးရုံအနီးမှာရှိတဲ့ ဗိုက်ပူ ၂ ဟော့ပေါ့နဲ့ မလာရှမ်းကောဆိုင်ပဲဖြစ်ပါတယ်။ စားသုံးသူတွေအတွက် ဆိုင်နာမည်အတိုင်း ဗိုက်ပူသွားအောင် ဗိုက်ဝစေအောင် သူငယ်ချင်းနှစ်ယောက်ပေါင်းဖွင့်ထားတဲ့ ဆိုင်အကြောင်းကို ဒီတပတ်ရဲ့ Walk In Food အစီအစဉ်အတွက် ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

By admin