ခေတ်ကာလတွေပြောင်းလဲလာသလို စားသောက်မှုပုံစံတွေကလည်း အမျိုးမျိုး ပြောင်းလဲလာနေပါတယ်။ အခုနောက်ပိုင်းတွေမှာတော့ လူတွေအကြိုက်များနေတဲ့ ချဉ်ချဉ်စပ်စပ်အရသာနဲ့ မြင်သူတိုင်း သရေကျသွားလောက်တဲ့ အစားစာတွေအထဲမှာတော့ ယိုးဒယားအထောင်းတွေကလည်း အပါအဝင်ပဲဖြစ်ပါတယ်။ ယိုးဒယားအထောင်းတွေကို ထိုင်းနိုင်ငံက ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုပြီး ထောင်ပေးတဲ့ ဖြစ်တဲ့အပြင် အထောင်း Menu ၅၀ကျော်ကို မှာယူစားသုံးနိုင်မှာဖြစ်ပါတယ်။ ယိုးဒယားအထောင်းတွေကို ရန်ကုန်မြို့မှာ ဆိုင်ခွဲ ၃ဆိုင်ထိ ဖွင့်လှစ်ထားတဲ့ မြနန္ဒာ ယိုးဒယားအထောင်းဆိုင်အကြောင်းကို ရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Walk in Food အစီစဉ်တွင်ပါဝင်လိုပါက insightsmyanmar@gmail.com သို့ဆက်သွယ်နိုင်ပါသည်။ #myanmarinsights #walkinfood #Myanandar